“မြန်မာတက်ရှ်ဘောအသင်း အာရှအားကစားပြိုင်ပွဲမှာ အမျိုးအစား ၃ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်”

17 Sep

မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ အမျိုးအစား(Event) ၃ မျိုး ဝင်ရောက် ယှဥ်ပြိုင်သွားမယ်လို့ သိရပါတယ်။ မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ အမျိုးသားတစ်ဦးချင်း(Men Single)၊ အမျိုးသမီးတစ်ဦးချင်း(Women Single)နဲ့ အမျိုးသမီးနှစ်ယောက်တွဲ(Women Double) အမျိုးအစားတို့မှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာတက်ရှ်ဘောအသင်းဟာ အမျိုးသားတစ်ဦးချင်း (Men Single)မှာ စောဖရိုက်ဒေး၊ အမျိုးသမီးတစ်ဦးချင်း (Women Single) တွင် ခင်နှင်းဝေ၊ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) တွင် ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာတက်ရှ်ဘောအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင်ရန် စက်တင်ဘာလ ၁၅ ရက်က ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ တက်ရှ်ဘောအားကစားနည်းကို စက်တင်ဘာလ ၁၇ ရက်ကနေ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမျိုးအစား(Event) ၅ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်ကနေ အောက်တိုဘာလ ၄ ရက်အထိ ဂျပန်နိုင်ငံ၊ နာဂိုယာနဲ့ အီချီမြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားက စက်တင်ဘာလ ၁၉ မှစတင်မှာ ဖြစ်သော်လည်း တချို့သောအားကစားနည်းတွေက ဖွင့်ပွဲအခမ်းအနားမတိုင်မီ စောပြီး ကျင်းပနေတာဖြစ်ပါတယ်။ မြန်မာတက်ရှ်ဘောအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲမှာ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .