“၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်ကွင်းနှင့် ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာကွင်းမှာ ကျင်းပမည်”
17 Sep
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၇-၂၈ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘိုင်ယန်မြူးနစ်အသင်းရဲ့ Munich Football Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဘာစီလိုနာအသင်းရဲ့ Nou Camp ကွင်းမှာ ကျင်းပမှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ လက်ရှိ ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ အက်သလက်တီကိုအသင်းရဲ့ Estadio Metropolitano ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Munich Football Arena ကွင်းက ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပခဲ့တာကြောင့် ၃ နှစ်အကြာမှာပဲ တစ်ကျော့ပြန်ကျင်းပခွင့်ရရှိတာဖြစ်ပြီး Nou Camp ကွင်းကတော့ ၁၉၉၈-၉၉ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ရိုမေးနီးယားနိုင်ငံက National Arena ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဆားဘီးယားနိုင်ငံက National Stadium Serbia ကွင်း၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ၂၀၂၇-၂၈ ရာသီ ဗိုလ်လုပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ Juventus Stadium ကွင်း၊ ၂၀၂၈-၂၉ ရာသီ ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံက Puskás Aréna ကွင်းမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)