“အီရန်စစ်ရေးပဋိပက္ခကြောင့် လက်နက်ခဲယမ်းများပြတ်လပ်မှုနှင့် စစ်စခန်းများ ပျက်စီးမှုရှိလာကြောင်း အမေရိကန်စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်”

16 Sep

အီရန်နိုင်ငံနှင့် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ပထမဆုံးအကြိမ် အဖြစ် အမေရိကန်အစိုးရ စက်တင်ဘာလ ၁၄ ရက်တွင် စောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ခဲယမ်းများ ပြတ်လပ်မှုနှင့် အရှေ့အလယ်ပိုင်းရှိ စစ်စခန်းများ ထိခိုက်ပျက်စီးမှုများကို အမေရိကန် သတင်းဌာနများက အသေးစိတ် ဖော်ပြခဲ့ကြသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ အီရန်နိုင်ငံနှင့်ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကြောင့် မဟာဗျူဟာမြောက် လက်နက်ခဲယမ်းပစ္စည်းများ လက်ကျန်မလုံလောက်တော့ဘဲ မဟာမိတ်တပ်ဖွဲ့များအတွက် အဆင့်မြင့်လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရာ တွင် စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းမှာလည်း အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း ၎င်းအစီရင်ခံစာတွင် သတိပေးဖော်ပြထားသည်။ ထို့ပြင် ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်၊ ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများတွင် အီရန်၏ဒုံးကျည်နှင့် တိုက်ခိုက်မှုများကြောင့် အဆောက်အအုံများ ရာနှင့်ချီပျက်စီးခဲ့ပြီး အမေရိကန်စစ်လေယာဉ်နှင့် မောင်းသူမဲ့ဒရုန်းယာဉ်များ ဒါဇင်နှင့်ချီ၍ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

16 Sep

ADVERTISE HERE .