“ဆီနီဂေါလက်ရွေးစင်အသင်း ကစားသမားဘဝမှ အနားယူကြောင်းကြေညာခဲ့တဲ့ ဂိုးသမား မန်ဒီ”
15 Sep
ဆီနီဂေါလက်ရွေးစင်အသင်း ဂိုးသမား မန်ဒီ က လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မန်ဒီ ဟာ ဆီနီဂေါအသင်းနှင့်အတူ ၂၀၁၉ ခုနှစ်မှစတင်ကာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ မန်ဒီ အနေနဲ့ ၂၀၂၁ အာဖရိကဖလားပြိုင်ပွဲတွင် ဆီနီဂေါ အသင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဂိုးသမား မန်ဒီ ဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲတွင်လည်း အသင်းနှင့်အတူ အောင်မြင်မှုများရယူနိုင်ခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အဓိက ဂိုးသမားအဖြစ် ပါဝင်နိုင်ခဲ့ပါတယ်။ ဆီနီဂေါအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်က ဆီနီဂေါအသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့အပြင် ချယ်လ်ဆီးအသင်း နှင့်ပါ အောင်မြင်မှုများရယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရပါတယ်။(NVS 008)