“ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ကော့တွိုက် အား သက်တမ်းတိုး”
15 Sep
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းမှ အဓိကဂိုးသမား ကော့တွိုက် အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ကော့တွိုက် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမည့် ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိတဲ့အတွက် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကော့တွိုက် က ၂၀၁၈ ခုနှစ်မှာ ချယ်လ်ဆီးမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ရာ လက်ရှိဥရောပထိပ်တန်းလိဂ် ငါးခုတွင် အကောင်းဆုံးဂိုးသမားများထဲ၌ တစ်ဦးအပါအဝင် ရပ်တည်နိုင်ခဲ့ပါတယ်။(NVS 008)
15 Sep