“ပရီးမီးယားလိဂ်ရာသီအစ လေးပွဲဆက်ဂိုးမရရှိတဲ့ မှတ်တမ်းဆိုးကို စပါးအသင်းရရှိ”
15 Sep
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ်ကစားတဲ့ စပါးအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ပြီးနောက် စပါးအသင်းအနေနဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရာသီအစ လေးပွဲဆက် သွင်းဂိုးတစ်ဂိုးမှမရရှိဘဲ နိုင်ပွဲပျောက်ဆုံးတဲ့ မှတ်တမ်းဆိုးတစ်ရပ်ကို ရရှိခဲ့ပါတယ်။ စပါးအသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းကို ကြီးကြီးမားမား အပြောင်းအလဲများလုပ်ဆောင်ခဲ့ပြီး နည်းပြသစ်အဖြစ် ဒီဇာဘီ ကို ခန့်အပ်ခဲ့ပါတယ်။ စပါးအသင်းက ပြီးခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့ကာလမှာ တိုနယ်လီ၊ မာမွတ်၊ မူဒရစ်၊ ဆာဗီယို၊ ဖာနန်ဒက်စ်၊ ဗန်ဟက်ကီ၊ ဆန်စီ စတဲ့ ကစားသမားများကို ပြောင်းရွှေ့ကြေးယူရို သန်း ၄၀၀ ကျော်အသုံးပြုပြီး ခေါ်ယူခဲ့ပေမယ့် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီအစပိုင်းမှာပင် ရလဒ်များဆိုးရွားနေခြင်းဖြစ်ပါတယ်။ စပါးအသင်းက လာမည့်ပွဲစဉ်သုံးပွဲတွင်လည်း လီဗာပူး၊ အက်စ်တွန်ဗီလာ၊ မန်ယူအသင်းတို့နဲ့ ကစားရမှာ ဖြစ်လို့ ဆက်လက်ရုန်းကန်ရဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)