“ဟက်ထရစ်သွင်းဂိုးယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ မာစတန်တူအိုနို”

15 Sep

ဖီအိုရင်တီးနားအသင်း တိုက်စစ်ကစားသမား မာစတန်တူအိုနို က အီတလီစီးရီးအေပွဲစဉ်အဖြစ် ဖီအိုရင်တီးနား အသင်းနှင့် ဗီနီဇီယာအသင်းတို့ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ပြီးနောက် ဥရောပထိပ်တန်းလိဂ် ငါးခုမှာ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ မာစတန်တူအိုနို က ၂၀၂၅ ခုနှစ်က ရေးဗားပလိတ်အသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းတွင် ပွဲကစားခွင့်နည်းပါးနေတဲ့အတွက် ယခုဘောလုံးရာသီတွင် ဖီအိုရင်တီးနားအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်ပါတယ်။ မာစတန်တူအိုနို အနေနဲ့ အီတလီစီးရီးအေ ပွဲစဉ်(၄)အဖြစ်ကစားခဲ့တဲ့ ဖီအိုရင်တီးနားအသင်းက ဗီနီဇီယာ အသင်းကို ၄ ဂိုး၊ ၂ ဂိုးနဲ့အနိုင်ရရှိသည့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခြင်းဖြစ်ပါတယ်။ အစောပိုင်းက ဘာစီလိုနာအသင်းကစားသမားဟောင်း မက်ဆီ က အသက် ၁၉ နှစ် ၂၅၉ ရက်ဖြင့် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်အဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး ယခုအခါ မာစတန်တူအိုနို က အသက် ၁၉ နှစ် ၂၈ ရက်ဖြင့်ကျော်ဖြတ်ပြီး ဥရောပတွင် အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်ဖြစ်လာခဲ့ပါတယ်။(NVS 008)

15 Sep

ADVERTISE HERE .