“Clean Sheet ဒုတိယအများဆုံးအဖြစ် ရပ်တည်နေတဲ့ ပစ်ဖို့ဒ်”

15 Sep

အဲဗာတန်အသင်းရဲ့ ဂိုးသမား ပစ်ဖို့ဒ် ဟာ လက်ရှိ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet ဒုတိယအများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။ ပစ်ဖို့ဒ် က စပါးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ကစားသမားဘဝ ပရီးမီးယားလိဂ် Clean Sheet ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet ပွဲ ၁၀၀ ပြည့်တဲ့ ဒုတိယမြောက် ဂိုးသမားလည်း ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ဂိုးသမားတွေထဲမှာ Clean Sheet အများဆုံးရရှိထားသူက လီဗာပူးလ်အသင်းက ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် က ၁၀၅ ပွဲနဲ့ ဖြစ်ပါတယ်။ ပစ်ဖို့ဒ် က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ Clean Sheet ပွဲ(၁၀၀) ပြည့်မြောက်တဲ့ ၁၉ ဦးမြောက် ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Clean Sheet ပွဲ ၁၀၀ ပထမဆုံးပြည့်မြောက်တဲ့ ဂိုးသမားက မန်ယူအသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်ဖြစ်ပြီး Clean Sheet ပွဲအများဆုံးဂိုးသမားကတော့ ချဲလ်ဆီးနဲ့ အာဆင်နယ် ဂိုးသမားဟောင်း ပီတာချက် ၂၀၂ ပွဲ ဖြစ်ပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .