“ဒီနှစ် Ballon d'Or ဆုနဲ့ မိမိ ထိုက်တန်ကြောင်း ပြောကြားခဲ့တဲ့ ယာမယ်”

15 Sep

ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမား ယာမယ် က အခုနှစ် Ballon d'Or ဆုနဲ့ ထိုက်တန်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမှာဖြစ်ပြီး ဆန်ခါတင် ၃၀ ဦးစာရင်း ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ယာမယ် က ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ ယာမယ် က ၂၀၂၅ Ballon d'Or ဆုပေးပွဲမှာ ဒုတိယရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းနဲ့ လာလီဂါချန်ပီယံဆု၊ စပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။ ယာမယ် က ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ ဦးဆောင်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့တာ ကြောင့် ၂၀၂၆ Ballon d'Or ဆုအတွက် ရေပန်းအစားဆုံးစာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .