“နည်းပြ ကားလို့စ်ကော်ဘရန် နဲ့ အမှုဆောင်ချုပ် ရွန်ဂူရီ တို့ကို ထုတ်ပယ်ခဲ့တဲ့ ဗလင်စီယာအသင်း”
15 Sep
ဗလင်စီယာအသင်းဟာ ရာသီအစရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ကားလို့စ်ကော်ဘရန် နဲ့ အမှုဆောင်ချုပ် ရွန်ဂူရီ တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ ဗလင်စီယာအသင်းဟာ လာလီဂါ ၅ ပွဲကစားရာမှာ ၁ ပွဲသရေ၊ ၄ ပွဲရှုံးကာ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေက နည်းပြ ကားလို့စ်ကော်ဘရန် နဲ့ အမှုဆောင်ချုပ် ရွန်ဂူရီ ကိုပါ ရာထူးကနေ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကားလို့စ်ကော်ဘရန်နဲ့ ရွန်ဂူရီ တို့က ၂၀၂၄ ဒီဇင်ဘာလမှာ ဝက်စ်ဘရွန်းအသင်းကနေ ဗလင်စီယာအသင်းကို အတူရောက်ရှိလာခဲ့ကြသူတွေဖြစ်ပြီး ဗလင်စီယာအသင်းက စီမံခန့်ခွဲမှုကိုပါ အပြောင်းအလဲလုပ်လိုတာကြောင့် နှစ်ဦးစလုံးနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ဗလင်စီယာအသင်းက အရန်အသင်းနည်းပြ အော်စကာဆန်းချက်ဇ် ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပြီး အိုဆာဆူနာအသင်းရဲ့ အားကစားဒါရိုက်တာ ဘရာအူလီယိုဗက်ဇ်ကေး ကို အားကစားဒါရိုက်တာအဖြစ် ခေါ်ယူခန့်အပ်ခဲ့ပါတယ်။ (NVS 008)