“မန်ချက်စတာဒါဘီပွဲကို ကိုင်တွယ်ခဲ့တဲ့ VAR ဒိုင်လူကြီးတွေကို လာမယ့်ပွဲစဉ်အတွက် တာဝန်မပေးဘူးဟုဆို”

15 Sep

မန်ချက်စတာဒါဘီပွဲက VAR ဒိုင်လူကြီးတွေကို လာမယ့်ပွဲစဉ်အတွက် တာဝန်ပေးမှုမရှိကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ VAR ဒိုင်လူကြီး မတ်ဒိုနိုဟူ နဲ့ လက်ထောက် ဘလိတ်အန်ထရိုဘတ်စ် တို့ကို အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် တာဝန်ပေးခြင်းမရှိတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့အစည်း Pro Ref ရဲ့ CEO ဖြစ်သူ ဟောင်းဝပ်ဝက်ဘ်နဲ့ ဘုတ်အဖွဲ့က VAR ဒိုင်လူကြီးနှစ်ဦးကို လာမယ့်ပွဲတွေမှာ တာဝန်မပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ မန်ချက်စတာ ဒါဘီပွဲမှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့ လူကျွံဂိုးကို အငြင်းပွားဖွယ် ခွင့်ပြုပေးခဲ့ပါတယ်။ ဟာလန်း ရဲ့ဂိုးကို ခွင့်ပြုပေးခဲ့တဲ့ VAR ဆုံးဖြတ်ချက်မှားယွင်းကြောင်း ပွဲအပြီးမှာ Pro Ref က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Pro Ref က နစ်နာခဲ့တဲ့ မန်ယူနိုက်တက်အသင်းကိုလည်း တောင်းပန်ခဲ့ပါတယ်။ (NVS 008)

15 Sep

ADVERTISE HERE .