“မြန်မာ့လက်ရွေးစင်ကစားသမားကြီး ဦးဝင်းအောင် ကွယ်လွန်”
14 Sep
ခေါင်းတိုက်သွင်းဂိုးများဖြင့် နာမည်ကျော်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်(ဟောင်း)ဦးဝင်းအောင် စက်တင်ဘာလ ၁၃ ရက်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ အသက် ၆၀ နှစ်အရွယ်မှာ ဦးဝင်းအောင် ကွယ်လွန်ခဲ့ခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့၊ မြန်မာ့ဘောလုံးမိသားစုများအားလုံးမှ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ ဦးဝင်းအောင် က ခေါင်းတိုက်သွင်းဂိုးများဖြင့် နာမည်ကျော်ခဲ့သူဖြစ်ကာ ၁၉၉၀-၉၉ ဝန်းကျင် ဘောလုံးရာသီ များမှာ မြန်မာနှင့်စင်ကာပူဘောလုံးပရိသတ်များ၏ အားပေးမှုကိုရရှိခဲ့သော တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဦးဝင်းအောင် က ၁၉၉၃ ဆီးဂိမ်းငွေတံဆိပ်ဆုရှင်၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်၊ စင်ကာပူလိဂ် ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းနှင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)