“အသင်းက ထွက်ခွာချင်တယ်လို့ ပြောခဲ့တဲ့ ဘက်ဗောင်း ကို သက်တမ်းတိုးခဲ့တဲ့ စပါးအသင်း”
14 Sep
စပါးအသင်းဟာ အသင်းက ထွက်ခွာချင်တယ်လို့ ပြောခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဘက်ဗောင်း ကို စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ အသက် ၂၀ နှစ်သာရှိသေးတဲ့ ဘက်ဗောင်း အနေနဲ့ စပါးအသင်းမှာ ကစားချိန်နည်းလို့ အသင်းက ထွက်ခွာချင်တယ်လို့ ပြောကြားအပြီး သုံးလအကြာမှာ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဘက်ဗောင်း ရဲ့မူလစာချုပ်က ၂၀၃၁ ခုနှစ်မှ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဆွီဒင်ကွင်းလယ်လူ ဘက်ဗောင်း ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ နော်တင်ဟမ်၊ နယူးကာဆယ်အသင်းတို့နဲ့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်မှာ စပါးအသင်းကို ရောက်ရှိလာပြီးနောက် ပြိုင်ပွဲစုံ ပွဲ ၈၀ ကစားပေးထားပါတယ်။ (NVS 008)
14 Sep