“Nakhon Sawan International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဟိန်းထွဋ်၊ သက်ထားသူဇာ တို့အပါအဝင် ခြောက်ဦးပါဝင်ယှဉ်ပြိုင်မည်”

13 Sep

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Nakhon Sawan International Series ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဟိန်းထွဋ် နှင့် သက်ထားသူဇာ တို့အပါအဝင် ကစားသမားခြောက်ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Friends JP ကြက်တောင်ရိုက်ကလပ်က ကြေညာထားရှိပါတယ်။ Nakhon Sawan International Series ကြက်တောင်ရိုက်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၅ ရက်မှ ၂၀ ရက်ထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဟိန်းထွဋ်၊ သက်ထားသူဇာ တို့နှင့်အတူ ဉာဏ်ရှိုင်းလင်း၊ ဖုန်းပြည့်နိုင်၊ ဖြိုးသူရိန်ကျော်၊ Lal Zuidika တို့လည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲများတွင် ဟိန်းထွဋ်၊ ဖုန်းပြည့်နိုင်၊ ဉာဏ်ရှိုင်းလင်း၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် သက်ထားသူဇာ၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဖြိုးသူရိန်ကျော်၊ Lal Zuidika တို့က ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။(NVS 008)

13 Sep

ADVERTISE HERE .