“ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်”

12 Sep

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို လာမည့် အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ခုနစ်လတိုင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာရေးမှု အဆင်ပြေ စေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပွဲတော်စတင်သည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်။ ဘုရားဖူးပြည်သူများ တည်းခိုနေထိုင်ရေးအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုဆောင်များအပြင် ဂေါပက အဖွဲ့က တည်ဆောက်ထားသည့် ရင်ပြင်တော်ရှိ လေးထပ်အဆောက်အအုံ အခမဲ့တည်းခိုဆောင်ကိုလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် ရင်ပြင်တော် သန့်ရှင်းသာယာလှပရေး၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များ ပုံမှန်ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရင်ပြင်တော်ပေါ်၌ ဆေးခန်းတစ်ခုလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။(NVS 008)

12 Sep

ADVERTISE HERE .