“စုံ/မ ရက်စနစ် QR Code သတ်မှတ်ချက်အတိုင်း စက်သုံးဆီများ ပုံမှန်ရောင်းချပေးလျက်ရှိ”
12 Sep
လက်ရှိကျင့်သုံးလျက်ရှိသော စုံ/မရက်စနစ်- QR Code သတ်မှတ်ချက်နှင့်အညီ စက်သုံးဆီအရောင်းဆိုင် များတွင် ပုံမှန်အခြေအနေအတိုင်း ရောင်းချပေးလျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိ ပါတယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် “စုံ”ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များနှင့် “မ”ရက် များတွင် မနံပါတ် အက္ခရာပါသောယာဉ်များကို သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ထုတ်ပြန် ခဲ့သည့် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ပယ်ဖျက်ခဲ့ပြီး စက်သုံးဆီ အရောင်းဆိုင်များမှ နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းစနစ်ကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက လက်ရှိကျင့်သုံးလျက်ရှိသော "စုံ"/"မ"ရက်စနစ် - QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက် ဝယ်ယူရန်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီး စက်သုံးဆီများတင်သွင်း ဖြန့်ဖြူးခြင်းများကို စနစ်တကျကြပ်မတ်ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီအရောင်းဆိုင် များတွင်လည်း လက်ရှိကျင့်သုံးလျက်ရှိသည့် “စုံ”ရက်များတွင် စုံနံပါတ်အက္ခရာပါသော ယာဉ်များနှင့် "မ"ရက် များတွင် မနံပါတ်အက္ခရာပါသောယာဉ်များကို QR Code၊ Barcode စနစ်များဖြင့် "စုံ"/"မ" ရက် စနစ်သတ်မှတ်ချက်အတိုင်း အခက်အခဲမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ရောင်းချလျက်ရှိကြောင်းသိရပါတယ်။(NVS 008)