“ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားမည်မဟုတ်ကြောင်း ပြောကြားခဲ့တဲ့ ကော့တွိုက်”
11 Sep
ဘယ်လ်ဂျီယံအသင်းဂိုးသမား ကော့တွိုက် က ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲမှာ အသင်းနှင့်အတူ ပါဝင်ကစားမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂိုးသမား ကော့တွိုက် အနေနဲ့ ဘယ်လ်ဂျီယံအသင်းမှ အပြီးတိုင်အနားယူခြင်းမဟုတ်ဘဲ ဥရောပနေးရှင်းလိဂ် ပွဲစဉ်များမှာသာ မကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂိုးသမား ကော့တွိုက် ဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနည်းပြ တီဒက်ကို နှင့် အဆင်မပြေဖြစ်ပွားပြီးနောက် ဘယ်လ်ဂျီယံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမယ့် အသင်းမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းက ဥရောပနေးရှင်းလိဂ်ပွဲစဉ်များအဖြစ် ယခုလ အတွင်း အီတလီ၊ ပြင်သစ်အသင်းတို့နှင့် ကစားရမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)
11 Sep