“နှလုံးခွဲစိတ်မှုအောင်မြင်ခဲ့ပြီး နှစ်ပတ်ခန့်အနားယူရမည့် တိုမီနေး”

11 Sep

နာပိုလီအသင်း ကွင်းလယ်ကစားသမား မက်တိုမီနေး အနေနဲ့ အသေးစားနှလုံးခွဲစိတ်မှု အောင်မြင်ခဲ့ပြီး နှစ်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ တိုမီနေး ဟာ နှလုံးခုန်နှုန်းမမှန်သည့် ဝေဒနာကြောင့် မန်ချက်စတာမြို့ Spire ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူ ခဲ့ခြင်းဖြစ်ပါတယ်။ တိုမီနေး ရဲ့ နှစ်ပတ်ခန့်အထိ အနားယူရမှုက နာပိုလီအသင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုမီနေး အနေနဲ့ နာပိုလီအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၈၂ ပွဲကစားကာ ၂၇ ဂိုးသွင်းယူပြီး ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။(NVS 008)

11 Sep

ADVERTISE HERE .