“ပြိုင်ပွဲတိုင်းမှာ စွမ်းဆောင်ရည်ကောင်းအောင် ကြိုးစားရဦးမယ်လို့ဆိုတဲ့ ဖာဘရီဂတ်စ်”
11 Sep
ကိုမိုအသင်းရဲ့နည်းပြ ဖာဘရီဂတ်စ် က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းဝင်နိုင်ပွဲရရှိခဲ့ပြီးနောက် ပြိုင်ပွဲတိုင်းမှာ စွမ်းဆောင်ရည်ကောင်းအောင် ကြိုးစားရဦးမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ကိုမိုအသင်းဟာ ဒီရာသီမှာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကာ လိုက်ပ်ဇစ်အသင်းကို ၄ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကိုမိုအသင်းက အိမ်ကွင်းကို UEFA ရဲ့ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီအောင် အမြန်ဆုံးပြင်ဆင်ခဲ့ရတာကြောင့် လိုက်ပ်ဇစ်အသင်းနဲ့ပွဲစဉ်မှာ ပရိသတ် ၁၀,၀၀၀ စွန်းစွန်းသာ ကြည့်ရှုခွင့်ရခဲ့ကြောင်းလည်း သိရပါတယ်။ ကိုမိုအသင်းက လက်ရှိရာသီ စီးရီးအေမှာလည်း ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။(NVS 008)
11 Sep