“ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အိုဒီဂတ်”
10 Sep
အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ် ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ အာဆင်နယ်က လန်ဒန်ဒါဘီပြိုင်ဘက် ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့ပြီး အိုဒီဂတ် က အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့အတွက် အခုလိုရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပြီး အိုဒီဂတ် က ဆန္ဒမဲ ၃၁ ရာခိုင်နှုန်း၊ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် က ဆန္ဒမဲ ၃၀ ရာခိုင်နှုန်း ရရှိခဲ့pပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးတိုက်စစ်ကစားသမား ပါလ်မာ၊ ပွဲစဉ်(၂)ရဲ့ အကောင်းဆုံးကစားသမားဆုကို မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် တို့ ရရှိခဲ့ပါတယ်။ ပါလ်မာက ဆန္ဒမဲ(၄၀)ရာခိုင်နှုန်းနဲ့ ရရှိခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဆန္ဒမဲ(၆၉)ရာခိုင်နှုန်းနဲ့ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)