“မန်ယူနှင့် မန်စီးတီးအသင်းတို့ကစားမည့်ပွဲစဉ်ကို ဒိုင်လူကြီး အိုလီဗာ တာဝန်ယူမည်”

09 Sep

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ်ကစားမည့် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်ကို ဒိုင်လူကြီး အိုလီဗာ က တာဝန်ယူမည်ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လာမည့်ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ် ကစားမည့်ပွဲစဉ်များအတွက် တာဝန်ယူကိုင်တွယ်မည့် ကွင်းလယ်ဒိုင်လူကြီးများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူအသင်းနှင့် မန်စီးတီး အသင်းတို့ ပွဲစဉ်ကို အင်္ဂလန်ထိပ်တန်းဒိုင်လူကြီးတစ်ဦးဖြစ်သည့် အိုလီဗာ ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒိုင်လူကြီး အိုလီဗာ အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အရေးကြီးပွဲစဉ်များကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ယခုအခါတွင်လည်း ထိပ်တန်းပွဲစဉ်တစ်ပွဲဖြစ်ကာ ပရိသတ်စိတ်ဝင်စားမှုအများဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့် မန်ချက်စတာ ဒါဘီပွဲစဉ်ကို တာဝန်ယူကြီးကြပ်သွားမှာဖြစ်ပါတယ်။ မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄) အဖြစ် စက်တင်ဘာလ ၁၄ ရက်တွင် မန်ယူအသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။(NVS 008)

09 Sep

ADVERTISE HERE .