“အန်သိုနီဂျိုရှုအာ နှင့် ထိုးသတ်မည့်ပွဲစဉ် ပျက်ပြားခဲ့ပြီးနောက် အူဆက်ခ်နှင့် ထိုးသတ်ရန် တိုင်ဆန်ဖြူရီ စီစဉ်”

09 Sep

အင်္ဂလန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီ က တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှုအာနှင့် ထိုးသတ်မည့်ပွဲစဉ် ပျက်ပြားခဲ့ပြီးနောက် ယူကရိန်းလက်ဝှေ့သမား အူဆက်ခ် နှင့်ထိုးသတ်ရန် စီစဉ်နေကြောင်း TNT Sports သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အစောပိုင်းက တိုင်ဆန်ဖြူရီ ဟာ လာမည့်နိုဝင်ဘာလအတွင်း အန်သိုနီဂျိုရှုအာ နှင့်ထိုးသတ်ရန် သဘော တူညီမှု ရရှိထားသော်လည်း ပွဲကျင်းပမည့်နေရာနှင့် စာချုပ်ဆိုင်ရာအချက်အလက် ဆွေးနွေးညှိနှိုင်းမှုတွင် အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ပွဲစဉ်ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်ပါတယ်။ တိုင်ဆန်ဖြူရီ က အန်သိုနီဂျိုရှုအာ နှင့် ထိုးသတ်မည့်ပွဲစဉ်ကို ဖျက်သိမ်းကြောင်း အတည်ပြုကြေညာ ခဲ့ပြီးနောက် လာမည့်နိုဝင်ဘာလတွင် အူဆက်ခ် နှင့်ထိုးသတ်ရန် ကမ်းလှမ်းမှုများ လုပ်ဆောင်ထားကြောင်း ပြောကြား ခဲ့ပါတယ်။ တိုင်ဆန်ဖြူရီ နှင့် အူဆက်ခ် တို့က ၂၀၂၄ ခုနှစ်တွင် နှစ်ကြိမ်ထိုးသတ်ခဲ့ဖူးပြီး တိုင်ဆန်ဖြူရီ က နှစ်ကြိမ်စလုံး ရှုံးနိမ့်ထားကာ ယခုအခါ တတိယအကြိမ်မြောက်ထိုးသတ်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။(NVS 008)

09 Sep

ADVERTISE HERE .