“ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်း ဗိုလ်စွဲနိုင်ခြေ အမြင့်ဆုံးဖြစ်ကြောင်း Opta ခန့်မှန်း”

09 Sep

Opta စူပါကွန်ပျူတာက ၂၀၂၆-၂၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းကို ချန်ပီယံဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ Opta က အာဆင်နယ်အသင်းကို ခန့်မှန်းမှု ၂၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ နံပါတ်တစ်နေရာမှာ ထားရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ်ဗိုလ်စွဲရန် နီးစပ်ခဲ့ပေမဲ့ လက်ရှိချန်ပီယံ PSG အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ယခုခန့်မှန်းချက်မှာ အာဆင်နယ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ရန် ၅၀ ရာခိုင်နှုန်းနဲ့ ဗိုလ်လုပွဲ တက်ရောက်ရန် ၃၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ အာဆင်နယ်အသင်းနောက်မှာ ဘိုင်ယန်မြူးနစ်အသင်းက ၁၉ ဒသမ ၄ ရာခိုင်နှုန်း၊ မန်စီးတီးအသင်းက ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဘာစီလိုနာအသင်းက ၈ ဒသမ ၂ ရာခိုင်နှုန်း၊ နှစ်နှစ်ဆက်ချန်ပီယံ PSG အသင်းက ၇ ဒသမ ၁ ရာခိုင်နှုန်း၊ လီဗာပူးလ်အသင်းက ၆ ဒသမ ၁ ရာခိုင်နှုန်း၊ ရီးရဲလ်မက်ဒရစ်အသင်းက ၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ မန်ယူအသင်းက ၃ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်နေပါတယ်။(NVS 008)

09 Sep

ADVERTISE HERE .