“ရာဖင်ဟာ အား အသင်းခေါင်းဆောင် တာဝန်ပေးအပ်”
09 Sep
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ် က ယခုဘောလုံးရာသီအတွက် အသင်းခေါင်းဆောင်အဖြစ် ရာဖင်ဟာ အား တာဝန်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် အာရူဂျို အား တာဝန်ပေးအပ်ခဲ့သော်လည်း အပြောင်းအရွှေ့ကာလတွင် အာရူဂျို က လီဗာပူးအသင်းသို့ ပြောင်းရွှေ့ခဲ့တာကြောင့် နည်းပြ ဟန်ဆီဖလစ် က ရာဖင်ဟာ အား အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရာဖင်ဟာ အနေနဲ့ ပြီးခဲ့တဲ့ဘောလုံး ရာသီမှာလည်း ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ယခုဘောလုံးရာသီတွင် ပထမအသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးအပ်ခံရခြင်းဖြစ်ပါတယ်။ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကွင်းလယ်ကစားသမား ပတ်ဒရီ အား တာဝန်ပေးအပ်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ရာဖင်ဟာ က ၂၀၂၂ ခုနှစ်မှာ လိဒ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ပြီး နောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၈၀ ကစား ထားပြီး သွင်းဂိုး ၈၀ သွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)