“အမေရိကန်သံတမန်များနှင့် ဆွေးနွေးမှုများမှာ ‘အလွန်အကျိုးရှိကြောင်း’ ဇယ်လန်းစကီး ပြောကြား”

08 Sep

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က အမေရိကန်၏ အထူးကိုယ်စားလှယ်များဖြစ်သည့် Steve Witkoff နှင့် Jared Kushner တို့နှင့် စက်တင်ဘာလ ၆ ရက်တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများမှာ အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင် နိုင်ရေး၊ ယူကရိန်းအတွက် လုံခြုံရေးနှင့် စီးပွားရေးအာမခံချက်များ၊ ဆောင်းရာသီအတွက် အထောက်အပံ့အစီအစဉ် တို့ကို ဆွေးနွေးခဲ့ကြကြောင်း ဇယ်လန်းစကီး က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ လေကြောင်းရန်ကာကွယ်ရေးနဲ့ စွမ်းအင်အထောက်အပံ့နှစ်မျိုးစလုံးကို ကျွန်တော်တို့ အလွန်မျှော်လင့် နေပါတယ်။ အမေရိကန် LNG ဓာတ်ငွေ့ကို အသုံးပြုနိုင်မယ့် ပမာဏနဲ့ အခွင့်အလမ်းတွေ အများအပြားရရှိဖို့လည်း မျှော်လင့်နေပါတယ်ဟု ဇယ်လန်းစကီး က ပြောကြားခဲ့သည်။ တတိယအကြိမ် ဆွေးနွေးပွဲတွင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ အပါအဝင် ဥရောပနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြခဲ့ပြီး အဆိုပါသုံးနိုင်ငံအနေဖြင့် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း ဇယ်လန်းစကီး က ဆိုသည်။ ပဋိပက္ခကို အဆုံးသတ်ရန်ရည်ရွယ်ထားသည့် ယူကရိန်း၊ အမေရိကန်နှင့် ရုရှားတို့အကြား သုံးပွင့်ဆိုင် ဆွေးနွေးမှု ပြန်လည်ပြုလုပ်ရေး ကြိုးပမ်းမှုများအတွက်လည်း ဇယ်လန်းစကီး က အလေးအနက်ပြောကြားခဲ့သည်။ အမေရိကန်သံတမန် Witkoff က မော်စကိုတွင် အမေရိကန်ငြိမ်းချမ်းရေး သံတမန်နှစ်ဦးအနေဖြင့် သိသာ ထင်ရှားတဲ့ တိုးတက်မှုများ စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် သုံးပွင့်ဆိုင်ဆွေးနွေးမှုများ မကြာမီပြုလုပ်နိုင်မည်ဟု မျှော်လင့် ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန် ငြိမ်းချမ်းရေးသံတမန်များဖြစ်ကြသည့် Witkoff နှင့် Kushner တို့သည် မော်စကိုမြို့တွင် ရုရှားသမ္မတ ဗလာတီမာပူတင် နှင့် တွေ့ဆုံပြီးနောက် စက်တင်ဘာလ ၆ ရက် အစောပိုင်းက ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြသည်။ ရုရှား-ယူကရိန်း ပဋိပက္ခများရပ်တံ့ရန် ယူကရိန်း၊ အမေရိကန်နှင့် ရုရှားနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ များသည် ဇန်နဝါရီလ ၂၃ ရက်မှ ၂၄ ရက်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၅ ရက်တွင် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ဆွေးနွေးပွဲနှစ်ကြိမ် ကျင်းပခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်လည်း ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၈ ရက်များတွင်မူ နောက်ထပ်တစ်ကြိမ် ဆွေးနွေးပွဲကျင်းပခဲ့သည်။ ထို့နောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများမှာ ယခုအချိန်ထိ ရပ်ဆိုင်း ထားဆဲဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

08 Sep

ADVERTISE HERE .