“မည်သည့်ကျူးကျော်မှုကိုမဆို ပိုမိုပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌက အမေရိကန်ကို သတိပေး”

08 Sep

အီရန်၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို အမေရိကန်က ကျူးကျော်မှုမှန်သမျှသည် ပိုမိုမြန်ဆန်၊ ပိုမိုပြင်းထန်ပြီး ပိုမိုနာကျင်စေမည့် တုံ့ပြန်မှုကိုခံရမည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Baqer Qalibaf စက်တင်ဘာလ ၆ ရက်တွင် ပြောကြားခဲ့သည်။ တီဟီရန်မြို့တွင် ကျင်းပသော ဥပဒေပြုအဖွဲ့ တံခါးဖွင့်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌက ဆတူတုံ့ပြန်မှု ခေတ်ကုန်ပြီလို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း အီရန်လွှတ်တော်သတင်းဌာနဖြစ်သည့် ICANA က ဖော်ပြ ခဲ့သည်။ Qalibaf က အမေရိကန်တွေအနေနဲ့ ဆတူတုံ့ပြန်တယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ နားလည်ထားရမယ်၊ မကြာခင်က ကျူးကျော်သူတွေရဲ့ စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေဟာ အစပဲရှိသေးတယ်ဟု ပြောကြားခဲ့သည်။ အခုချိန်ကစပြီး စစ်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေ ပြောင်းသွားပြီ၊ အီရန်ရဲ့ အကျိုးစီးပွားနဲ့လုံခြုံရေးကို ထိခိုက် လာရင် ပိုမိုမြန်ဆန်၊ ပိုမိုပြင်းထန်ပြီး ပိုမိုနာကျင်စေမယ့် လက်တုံ့ပြန်မှုကို ခံရမယ်ဟု Qalibaf က ထပ်လောင်း ပြောကြားခဲ့သည်။ အမေရိကန်က အီရန်တောင်ပိုင်းပြည်နယ်များကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အီရန်ကလည်း ဒေသ တွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများသည် စက်တင်ဘာလ ၅ ရက်က နှစ်နိုင်ငံ ရေတပ်စစ်သင်္ဘောများ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ (Repost from Xinhua Myanmar)

08 Sep

ADVERTISE HERE .