“အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့လိုနေပြီလို့ ပြောကြားခဲ့တဲ့ အလွန်ဆို”

08 Sep

ချဲလ်ဆီးနည်းပြ အလွန်ဆိုက အသင်းရဲ့ ခံစစ်ပြဿနာကို ဖြေရှင်းဖို့လိုနေပြီလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအဖွင့် ပရီးမီးယားလိဂ် ၃ ပွဲစလုံး ဂိုးပေးခဲ့ရပြီး စုစုပေါင်း ၇ ဂိုးရှိခဲ့ပါတယ်။ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးပေးခဲ့ရတာဖြစ်ပြီး အာဆင်နယ်အသင်းကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အလွန်ဆို က ခံစစ်ပိုင်းရဲ့ အပြစ်အနာအဆာတွေကို ဖြေရှင်းရတော့မှာဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ အလွန်ဆိုက ချဲလ်ဆီးအသင်းကို အခုရာသီမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကစားသမားအပြောင်းအလဲ များစွာ ပြုလုပ်ခွင့်ရခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ အလွန်ဆို က ပရီးမီးယားလိဂ်အဖွင့် နှစ်ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အဓိကဒါဘီပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်အသင်းကိုတော့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

08 Sep

ADVERTISE HERE .