“လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံသွားမယ့် အင်ဖန်တီနို”
08 Sep
လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနို ဟာ ၂၀၂၇ ခုနှစ်မှာ ပြုလုပ်မယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံရွေးချယ်ခံ သွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အတည်ပြုကြေညာချက်အရ သိရပါတယ်။ အင်ဖန်တီနို က ဖီဖာဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိကာလက ဥက္ကဋ္ဌသက်တမ်း တတိယအကြိမ်ထဲမှာပါဝင်နေပါတယ်။ အင်ဖန်တီနို က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေကို ရောင်းထုတ်ဖို့ အဆိုပြုခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရာထူးကနေနုတ်ထွက်ဖို့ ဖိအားပေးမှုတွေ ရှိနေပေမယ့် လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ထပ်မံယှဉ်ပြိုင်သွားဖို့အတွက် ဘာအပြောင်းအလဲမှမရှိကြောင်း ဖီဖာက ကြေညာခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် မတ်လ ၁၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး လက်ရှိအချိန်အထိတော့ အင်ဖန်တီနိုနဲ့ ယှဉ်ပြိုင်ရွေးချယ်ခံမယ့်သူ ထွက်ပေါ်မလာသေးကြောင်း သိရပါတယ်။ အဆိုပါရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါက အင်ဖန်တီနိုအနေနဲ့ ဖီဖာဥက္ကဋ္ဌအဖြစ်၂၀၃၁ ခုနှစ်အထိ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။ (NVS 008)