“မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းလာချိန်မှာ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့တဲ့ အန်ဒီယေး”
08 Sep
နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အဲဗာတန်အသင်းကနေ မန်စီးတီးအသင်းကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား အန်ဒီယေး က မန်စီးတီးအသင်း ကမ်းလှမ်းလာချိန်မှာ မငြင်းဆန်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အန်ဒီယေး က စပါးအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီးမှ မန်စီးတီးအသင်းကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ အန်ဒီယေးက အခုတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးက ကိုဗင်ထရီကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အန်ဒီယေးက အဲဗာတန်အသင်းမှာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်ခဲ့ရကြောင်းနဲ့ မန်စီးတီးအသင်းမှာ ကစားသမားဘဝ အဆင့်တစ်ဆင့် မြင့်တက်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
08 Sep