ကုန်ဈေးနှုန်းသတင်း ၇.၉.၂၀၂၆

07 Sep

စက်တင်ဘာလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး ပဲကြီး၊ ကြက်သွန်နီနဲ့ အာလူးဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၀၈,၁၁၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၁၈,၀၆၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၅၆၅ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၅,၇၁၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၃,၄၈၅ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃၃၃၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၂,၃၄၅ ကျပ်ကနေ ၁၄,၅၁၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၁၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၄,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၈၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၂၅ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၈,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၄,၄၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၆,၃၀၀ ကျပ်ကနေ ၉,၃၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/အသား) တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၈,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ ငါးရောင်ကြီး တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၆၀,၀၀၀ ကျပ်၊ ငါးရောင်လတ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်ကနေ ၄၅,၀၀၀ ကျပ်၊ ငါးရောင်သေး တစ်ပိဿာကို ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၄၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၃၃၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၇၁၀ ကျပ်၊ မန္တလေးမှာ ၃,၈၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၈၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၈၁၅ ကျပ်၊ မန္တလေး မှာ ၃,၉၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၉၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၂၄၀ ကျပ်၊ မန္တလေးမှာ ၄,၃၈၅ ကျပ်၊ နေပြည်တော်မှာ ၄,၃၄၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၁၄၀ ကျပ်၊ မန္တလေးမှာ ၅,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၅,၂၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ် (၇,၁၅၀,၀၀၀ိ/-) ခုနစ်ဆယ် တစ်သိန်း ငါးသောင်းကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၃၀,၀၀၀ိ/-) သိန်းတစ်ရာ တစ်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

07 Sep

ADVERTISE HERE .