“ သရေရလဒ်တွေ ဖြစ်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃)”
07 Sep
ပြီးခဲ့တဲ့ စနေ့နှင့် တနင်္ဂနွေတွင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃) တွေမှာ ပွဲစဉ် ၆ ပွဲအထိ သရေရလဒ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ အသင်းတွေကတော့ လီဗာပူးလ်အသင်းတစ်သင်းသာ အနိုင်ရရှိခဲ့ပြီး ကျန်အသင်း များမှာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ လက်ရှိချန်ပီယံအာဆင်နယ်အသင်းက ချဲလ်ဆီးအသင်း ကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ပဲလေ့အသင်းက အိမ်ရှင်ဖူဟမ်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ တန်းတက် ကိုဗန်ထရီအသင်းကို ၁ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့အစောပိုင်းပွဲတစ်ပွဲဖြစ်တဲ့ အဲဗာတန်အသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်မှာ မန်ယူအသင်းက ဦးဆောင်ဂိုးများ ရရှိခဲ့ပေမယ့် အဲဗာတန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကြောင့် ချေပဂိုးများ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် နယူးကာဆယ်အသင်း က အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ (NVS 008)