“လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ် ဂျက်ကို”

07 Sep

ဘော့စနီးယားအသင်းခေါင်းဆောင် ဂျက်ကို က နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့ မယ်လို့ ကြေညာခဲ့ပါတယ်။ ဂျက်ကို ဟာ အောက်တိုဘာလ ၂ ရက်မှာကစားမယ့် ဆွီဒင်အသင်းနဲ့ Nations League အိမ်ကွင်းပွဲမှာ နောက်ဆုံးကစားပြီး နှုတ်ဆက်မှာဖြစ်ပါတယ်။ ဂျက်ကို အနေနဲ့ ဘော့စနီးယားအသင်းအတွက် ၁၉ နှစ်ကြာ ကစားခဲ့ပြီး ၁၅၁ ပွဲမှာ ၇၃ ဂိုးအထိ သွင်းယူပေး ခဲ့ပါတယ်။ ဘော့စနီးယားအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးနဲ့ ပွဲအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ဂျက်ကို က Instagram လူမှုကွန်ယက်ကနေ လက်ရွေးစင်ကစားသမားဘဝက အနားယူမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာ ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးအသင်းမှာ ကစားနေပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .