“မေဂျာလိဂ်နောက်ဆုံး ၅ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၉ ကြိမ်အထိရှိခဲ့တဲ့ မက်ဆီ”

07 Sep

အာဂျင်တီးနား ဂန္ထဝင်တိုက်စစ်ကစားသမား မက်ဆီ အနေနဲ့ အင်တာမိုင်ယာမီအသင်းရဲ့ မေဂျာလိဂ် နောက်ဆုံး ၅ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၉ ဂိုးအထိရှိခဲ့ကြောင်း သိရပါတယ်။ အင်တာမိုင်ယာမီအသင်းနှင့် အတ္တလန်တာယူနိုက်တက်တို့ပွဲစဉ်မှာ မက်ဆီအနေနဲ့ ကက်စမဲရိုး သွင်းယူခဲ့တဲ့ ဂိုးကို ဖန်တီးနိုင်ခဲ့ပြီး အခုလိုစံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။မက်ဆီ ဟာ မေဂျာလိဂ်နောက်ဆုံး ၅ ပွဲမှာ သွင်းဂိုး ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ဖန်တီးနိုင်ခဲ့တာကြောင့် စံချိန်မှတ်တမ်းသစ်ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းအနေနဲ့ ချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးကအသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .