OMEGA Master ဂေါက်သီးရိုက်ပြိုင်ပွဲ အမှတ်ပေးဇယားကို လော်ရန်ဇီ ဦးဆောင်
06 Sep
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ OMEGA Master ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယအကျော့ပွဲစဉ်တွင် တောင် အာဖရိက ဂေါက်သီးရိုက်ကစား သမားလော်ရန်ဇီက အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေကြောင်း DP World Tour သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ လော်ရန်ဇီဟာ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့တဲ့ OMEGA Master ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးထားပြီး လက်ရှိချန်ပီယံအဖြစ် ပါဝင်ကစားနေသူဖြစ်ကာ ယခုနှစ်ပြိုင်ပွဲ တွင်လည်း ချန်ပီယံဆုကာကွယ်နိုင်ရန် နီးစပ်နေပါတယ်။ OMEGA Master ဂေါက်သီးရိုက်ပြိုင်ပွဲ တတိအကျော့ ပထမနေ့ပွဲစဉ်အပြီးတွင် လော်ရန်ဇီသည် စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ၁၃ ချက်ထိ လျော့ရိုက်ထားပြီး ထိပ်ဆုံးမှဦးဆောင်နေကာ ၎င်း၏နောက်တွင် ဂျာမနီ ဂေါက်သီးရိုက်ကစားသမား ဂျေမီပေါလ်နှင့်စပိန်ဂေါက်သီးရိုက်ကစား သမားအယ်ဗီယာတို့က ၁၁ ချက် စီ လျော့ ရိုက်ပြီး ဂျပန်ဂေါက်သီး ရိုက်ကစားသမား နာကာဂျီမီက ၁၀ ချက်လျော့ရိုက်ကာ ဖိအားပေးလျက်ရှိပါတယ်။ OMEGA Master ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၆ ရက်တွင် ဆက် လက် ကျင်းပ မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)