အာဂျင်တီးနားအသင်းနှင့်မန်ယူအသင်းကစားသမားဟောင်း တီဗက်ဇ်၏နှုတ်ဆက်ပွဲအထိမ်းအမှတ် ဘောလုံး ပွဲစဉ်တွင် စီရော်နယ်ဒိုနှင့် မက်ဆီ တစ်သင်းတည်းပါဝင်ကစားရန်စီစဉ်

06 Sep

အာဂျင်တီးနားအသင်းနဲ့မန်ယူအသင်း ကစားသမားဟောင်းတစ်ဦးဖြစ်သည့် တီဗက်ဇ်၏ နှုတ်ဆက်ပွဲ အထိမ်းအမှတ် ဘောလုံးပွဲစဉ်တွင် အသင်းဖော်ဟောင်းများဖြစ်ကြသည့် စီရော်နယ်ဒိုနှင့်မက်ဆီတို့ကို တစ်သင်း တည်းတွင် ပါဝင်ကစားပေးရန်စီစဉ်နေကြောင်း 433 သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တီဗက်ဇ်ဟာ ၂၀၂၁ ခုနှစ်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝအနားယူခဲ့ပြီးနောက် ၎င်း၏နှုတ်ဆက်ပွဲအထိမ်းအမှတ် ဘောလုံးပွဲစဉ် ကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်ထားပြီး ပါဝင်ကစားမည့်ကစားသမားများကို ချိတ်ဆက်မှုများလုပ် ဆောင်နေပါတယ်။ တီဗက်ဇ်ဟာ အာဂျင်တီးနားအသင်းတွင် မက်ဆီနှင့်အတူ ကာလရှည်တွဲဖက်ကစားဖူးသူဖြစ်ပြီး စီရော်နယ်ဒိုနှင့်လည်း မန်ယူအသင်းတွင် နှစ်ရာသီကြာတွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ တီဗက်ဇ်က သူ့၏ နှုတ်ဆက်ပွဲအထိမ်းအမှတ် ဘောလုံးပွဲစဉ်တွင် အသင်းဖော်ဟောင်းများကို ပါဝင်ကစားပေးရန် စီစဉ်မှုများ လုပ်ဆောင်နေပြီး ပွဲစဉ်တွင်ပါဝင်ကစားမည့် ကစားသမားများကို အတည်ပြုထားမရှိသေးသော်လည်း အာဂျင်တီးနားနိုင်ငံ ဒေသတွင်းသတင်းမီဒီယာများက မက်ဆီနှင့်စီရော်နယ်ဒိုတို့ အသင်းတစ်သင်းတည်းတွင် ပါဝင် ကစားနိုင်ခြေရှိနေတယ်လို့ ဖော်ပြခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .