မော်ရင်ဟိုက ဘက်တစ်အသင်းနဲ့ပွဲ၏ ရှုံးနိမ့်မှုနဲ့ပတ်သက်ပြီး ရှင်းမပြနိုင်ကြောင်း မှတ်ချက်ပြု

06 Sep

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ မော်ရင်ဟိုက ဘက်တစ်အသင်းကို ဝ-၁ ဂိုးနဲ့ ရှုးနိမ့်ခဲ့တဲ့ပွဲအပေါ် ရှင်းမပြနိုင် ကြောင်း မှတ်ချက်ပြုပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့ တစ်ကျော့ပြန်နည်းပြမော်ရင်ဟိုဟာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ၈၁ မိနစ်မှာ အနိုင်ဂိုးပေးလိုက်ရပြီး နာကျင်အချိန်ပိုမှာ ပယ်နယ်တီရပေမယ့် အမ်ဘာပေကန်ချက်ကို ဘက်တစ်ဂိုးသမား ဗဲလက်စ် ကာကွယ်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုက အဆိုပါပွဲနဲ့ပတ်သက်ပြီး ဘာကြောင့်ရှုံးနိမ့်ရလဲဆိုတာကို ရှင်းပြရန်ခက်ခဲပြီး ပွဲစဉ် တစ်လျှောက်လုံးအသင်းက ထိန်းချုပ်နိုင်ခဲ့သော်လည်း အခွင့်အရေးများစွာကို အသုံးမချနိုင်ခဲ့ကြောင်းနှင့် သရေ ရလဒ်ဖြစ်ခဲ့ပါကလည်း စိတ်ပျက်သွားမိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်အသင်းက shots on target ရှစ်ကြိမ် ရှိခဲ့ပြီး expected goals ကလည်း ၃ ဒသမ ၁၆ အထိ ရှိခဲ့ပါတယ်။ ရီးရဲလ်အနေနဲ့ ၂၀၁၄-၁၅ ရာသီကတည်းက လာလီဂါအဖွင့်လေးပွဲမှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့တာ ဖြစ်ခဲ့ပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .