လက်ရွေးစင်ကစားသမားဘဝကနေ ဒက်ဆီကို အနားယူတော့မည်

06 Sep

ဘော့စနီးယားအသင်းခေါင်းဆောင် ဒက်ဆီကိုဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူ တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၄၀ အရွယ် ဒက်ဆီကိုဟာ အောက်တိုဘာလ ၂ ရက်မှာကစားမယ့် ဆွီဒင်အသင်းနဲ့ Nations League အိမ်ကွင်းပွဲမှာ နောက်ဆုံးကစားပြီး နိုင်ငံလက်ရွေးစင်ကစားသမား ဘဝမှ နှုတ်ဆက်မှာဖြစ်ပါတယ်။ ဒက်ဆီကိုဟာ ဘော့စနီးယားအသင်းလက်ရွေးစင်အသင်းမှာ ၁၉ နှစ်ကြာကစားခဲ့ပြီး ၁၅၁ ပွဲမှာ ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဘော့စနီးယားအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးနဲ့ပွဲအများဆုံးကစားသမား အဖြစ် လည်း မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ဒက်ဆီကို က Instagram ကနေ လက်ရွေးစင်ကစားသမားဘဝက အနားယူမယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပြီး ၎င်းဟာ လက်ရှိမှာ ဘွန်ဒစ်လီဂါကလပ် ရှော်လ်ကေးအသင်းမှာ ကစားနေပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .