ပီအက်စ်ဂျီနည်းပြ အန်နရီကေးက ရာသီအစ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပေမယ့် အကောင်းဘက်ကရှုမြင်

06 Sep

ပီအက်စ်ဂျီအသင်းဟာ ရာသီအစရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပေမယ့် နည်းပြ လူးဝစ်အန်နရီကေးက အကောင်းဘက်က ရှုမြင်သုံးသပ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မိုနာကိုအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ရာသီအဖွင့်လေးပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပါတယ်။ ဒီရလဒ်ဟာ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း ပီအက်စ်ဂျီအသင်းရဲ့အဆိုးရွားဆုံးရာသီအစ ဖြစ်ခဲ့ပြီး ၁၄ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေကို ဖြတ်သန်းနေရမှု အပေါ် အန်နရီကေးက သူ့အနေနဲ့ ယခုတွေ့မြင်ခဲ့တာတွေအပေါ် မကျေနပ်မှုမရှိဘဲ ရာသီက အစပဲရှိနေတာ ကြောင့် အကောင်းဆုံးအနေအထားမှာ ရှိမနေဘူးလို့ အကောင်းမြင်သုံးသပ်ခဲ့ပါတယ်။ ဒါအပြင် ဘောလုံးလောကမှာ အပြုသဘောဆောင်တဲ့ အရာများစွာကို ကြုံတွေ့ခဲ့ရပြီး တစ်ခါတစ်ရမှာ မရနိုင်တဲ့အခြေအနေများရှိနေကြောင်းနှင့်အနာဂတ်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါ တယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်စူပါဖလားမှာလည်း လန်းစ်ကို အရေးနိမ့်ထားခဲ့ပြီး အခုရာသီလေးပွဲစလုံး နိုင်ပွဲ မရခဲ့တာဖြစ်ပါတယ်။ (NVS 008)

06 Sep

ADVERTISE HERE .