“မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဘုရားပွဲတော် ကျင်းပမည်”

05 Sep

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်၏ (၁၄၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာလ ၁၉ ရက်မှ ၂၉ ရက်အထိ ၁၁ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဖောင်တော်ဦးစေတီတော်၊ ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်(တော်သလင်းလဆန်း ၈ ရက်)မှာ ဖောင်တော်ဦးစေတီတော် ဘုရားအနေကဇာ တင်ခြင်း၊ ဘုရားအမှူးပြုတဲ့ သံဃာတော်တွေကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲတို့ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲတော်အတွင်း မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို အကြီးတန်းနှင့် အငယ်တန်းခွဲခြား၍ ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲသို့ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လှေခင်းကြီး၊ နွားမဲခေါင်း၊ အင်း၊ ပက်လက်၊ အုတ်နှဲဘုတ် စသည့်ကျေးရွာများမှ ပြိုင်ပွဲဝင်လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓပူဇနိယပွဲတော်တွင် လောင်းလှေပြိုင်ပွဲများအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲဈေးတန်းများ၊ အရောင်းပြခန်းများကိုပါ ထည့်သွင်းပြသ ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

05 Sep

ADVERTISE HERE .