“ဟော်မုဇ်ရေလက်ကြားကာကွယ်ရေးအတွက် စစ်ရေးဖြန့်ကြက်မှု တောင်ကိုရီးယားစဉ်းစားနေ”

05 Sep

ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ကာကွယ်ရေးအတွက် စစ်ရေးဖြန့်ကြက်မှုနည်းလမ်း အပါအဝင် နည်းလမ်းမျိုးစုံကို တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း တောင်ကိုရီးယားသမ္မတရုံး တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ သို့ရာတွင် မီဒီယာများ၌ ရေးသားတင်ပြထားသကဲ့သို့ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများ ကာကွယ်ရေးအတွက် စစ်ရေးအရဖြန့်ကြက်ရန် ဆုံးဖြတ်ချက် ချထားခြင်းမရှိကြောင်း တောင်ကိုရီးယားသမ္မတရုံး တာဝန်ရှိသူများက ပြောကြားထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းလုံခြုံရေးအတွက် စစ်ရေးဖြန့်ကြက်မှု ပြုလုပ်ရန် တောင်ကိုရီးယားအစိုးရက ပြင်ဆင်နေပြီး လွှတ်တော်၏ သဘောတူညီချက်ရယူရန် ကြိုးပမ်းနေကြောင်း တောင်ကိုရီးယားမီဒီယာများက စက်တင်ဘာလ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် သည် လာမည့် ရက်သတ္တပတ်အတွင်း ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ ထိုခရီးစဉ်အတွင်း ပြင်သစ်သမ္မတ မက်ခရွန် နှင့်တွေ့ဆုံစဉ် ဟော်မုဇ်ရေလက်ကြားကိစ္စကို ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

05 Sep

ADVERTISE HERE .