“ယူကရိန်းစစ်ရေးပဋိပက္ခအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရယူရန် အခွင့်အလမ်းရှိကြောင်း သမ္မတ ပူတင် ပြောကြား”
05 Sepယူကရိန်းစစ်ရေးပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက် တစ်ရပ်ရယူနိုင်မည့် အခွင့်အလမ်း တစ်ရပ်ရှိကြောင်း ရုရှားသမ္မတ ပူတင် က စက်တင်ဘာလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားနိုင်ငံအရှေ့ဖျား ဗလာဒီဗော့စတော့မြို့၌ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေးမိန့်ခွန်း၌ သမ္မတ ပူတင် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယူကရိန်းစစ်ရေးပဋိပက္ခကို အဆုံးသတ် နိုင်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရယူနိုင်မည့် အခွင့်အလမ်းတစ်ရပ်ရှိကြောင်း၊ အဆိုပါငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေးအတွက် အကူအညီပေးရန် အမေရိကန်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားက အသင့်ရှိနေကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။ သို့ရာတွင် ယူကရိန်းစစ်ရေးပဋိပက္ခကို အဓိကဖြေရှင်းရမည့် နိုင်ငံများမှာ စစ်ရေးပဋိပက္ခတွင် ပါဝင်နေသည့် နိုင်ငံများဖြစ်သော ရုရှား၊ ယူကရိန်းတို့သာဖြစ်သည်ဟု ဗလာဒီဗော့စတော့ အရှေ့ဖျားစီးပွားရေးဖိုရမ်၌ သမ္မတ ပူတင် က သုံးသပ်ထားကြောင်းသိရသည်။