နံနက်ခင်း သတင်းအကျဉ်းချုပ် စက်တင်ဘာ ၅ ရက် ၊ စနေနေ့ မနက်

05 Sep

နံနက်ခင်း သတင်းအကျဉ်းချုပ် စက်တင်ဘာ ၅ ရက် ၊ စနေနေ့ မနက် နိုင်ငံတကာထူးခြားသတင်း နီပေါရေကြီးမှု ၉ ရက်ကြာပြီးနောက် ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူ ၂ ဦးအား ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၃၉ ဦးကို ဆက်လက်ရှာဖွေလျက်ရှိသည်။ ယခုနှစ်အတွင်း ၇ ခုမြောက်အဖြစ် ဆော်ဒဲအမည်ရှိ တိုင်ဖုန်းမုန်တိုင်း ဖူကျန်းပြည်နယ်အတွင်း ဝင်ရောက်နေ၍ ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကျောင်းများပိတ်ထားရသည်။ ဆော်ဒီ၊ တူရကီနှင့် ပါကစ္စတန်တို့ မက္ကာလုံခြုံရေးမဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ရာ အဆိုပါအဖွဲ့ကို "အစ္စလန်းမစ်နေတိုး" ဟု သမုဒ်နေကြသည်။ ဟော်မုဇ်သို့ ရေတပ်အချို့စေလွှတ်ရန် စဉ်းစားနေကြောင်း တောင်ကိုရီးယားသမ္မတရုံးက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအရှေ့မြောက်ပိုင်း ဆာခါရီကျွန်းပေါ်၌ MI-8 ရဟတ်ယာဉ် စက်ချို့ယွင်း၍ အဝေးပြေးလမ်းပေါ် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ပါလာသူ ၈ ဦးစလုံး အန္တရာယ်ကင်းရှင်းသည်။ ကယ်လီဖိုးနီးယားတွင် ကျောက်ကပ်ပျက်စီး၍ တစ်ပတ် ၂ ကြိမ် ဆေးကြောခဲ့ရသည့် တွမ်အင်ဒရူး ဆိုသူအား ဝက်၏ ကျောက်ကပ်ဖြင့် အစားထိုးလဲလှယ်ပေးခဲ့ရာ ၂၇၁ ရက်ကြာသည်အထိ စံချိန်တင်ကျန်းမာလျက်ရှိသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) ယခုနှစ်ကုန်တွင် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် အပူရှိန်မြင့်တက်ခြင်းများ ဖြစ်ပေါ်မည်ဟု ကြေညာထားသည်။ ပြည်တွင်းထူးခြားသတင်း ရေဖြူမြို့နယ် ကျွဲတလင်းရွာ မိမိစခန်းအား KNU/PDF မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အလောင်းနှင့် လက်နက်များ ကျန်ရစ်ပြီး ၎င်းတို့ထွက်ပြေးသွားခဲ့သည်။ ပခုက္ကူ မြစ်ခြေရှိ မိမိစခန်းအား PDF မှ လာရောက်တိုက်ခိုက်ခဲ့ရာ အလောင်းနှင့်လက်နက်များ ကျန်ရစ်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ မရမ်းကုန်း မစ္စတာဒယ်ဒီ ဟော့ပေါ့ဆိုင်ပိုင်ရှင် ဒေါ်ဖြိုးဇာလတ် အား ဆိုင်ပိတ်ခါနီးအချိန်၌ လူ ၄ ဦးမှ ဓားဖြင့် ၃ ချက် ထိုးကာ ဖုန်း ၃ လုံးနှင့် ငွေ ၁၀ သိန်း လုယက်ထွက်ပြေးခဲ့သူ ၄ ဦးစလုံးအား ဖမ်းဆီးရမိခဲ့သည်။ ဗဟိုဘဏ်က ဒေါ်လာမရောင်းတော့သဖြင့် ကားဈေးအပါအဝင် သွင်းကုန်များ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ တောင်ငူနှင့် ဒဂုံဆိပ်ကမ်း ၉၁ ရပ်ကွက်တို့တွင် ကျပ် ၁.၅ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၆ ကီလိုနှင့် ဆေးပြား ၆ သိန်း၊ လူ ၃ ဦးနှင့် ကား ၂ စီး ဖမ်းဆီးရမိခဲ့သည်။ ပြင်ဦးလွင် အနီးစခန်း တောင်ကျွန်းကျေးရွာအနီး ဖြူထောင်သော မုဆိုးတစ်ဦးမှ အရှည်ပေ ၁ဝဝဝ ကျော်ရှိ လှပသော ကျောက်စက်ပန်းဆွဲများဖြင့် သဘာဝအတိုင်းတည်ရှိနေသော လိုဏ်ဂူသစ်တစ်ခု တွေ့ရှိခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် နိုင်ငံတော်သမ္မတ နှင့် ဇနီးသည် ဗီယက်နမ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစတင်ရန် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။ USDP ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေသည် မနက်ပိုင်းတွင် ရွှေကြာပင်ရုံး၌ ရန်ကုန်တိုင်း တိုးကြောင်လေးမှ ပြည်သူတစ်ဦး၊ ထားဝယ်မှ ပြည်သူတစ်ဦး၊ တပ်ကုန်းမှ ပြည်သူတစ်ဦးနှင့် လယ်ဝေးမှ ပြည်သူတစ်ဦးတို့၏ အခက်အခဲ တင်ပြချက်များကို သေချာစွာရေးမှတ်ယူခဲ့သည်။ ယနေ့မနက်ခင်း နေပြည်တော်တွင် ထူးခြားဖြစ်စဉ် မရှိကြောင်း တင်ပြအပ်ပါသည်။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin

05 Sep

ADVERTISE HERE .