“မက်ဆီ ရဲ့ ကျောနံပါတ်(၁၀)ကို လူငယ်ကစားသမား နီကိုပက်ဇ် ဝတ်ဆင်ကစားမည်”
04 Sep
အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီ က အသင်းတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁၀)ကို လူငယ် ကစားသမား နီကိုပက်ဇ် ထံသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ထားကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် မက်ဆီ အနေနဲ့ အာဂျင်တီးနားအသင်းတွင် ကျောနံပါတ်(၁၀)ကို ကာလရှည်ဝတ်ဆင် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဂျင်တီးနားလက်ရွေးစင်အသင်း ကစားသမားဘဝမှ အပြီးတိုင်အနားယူကြောင်း အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ကစားသမားဘဝမှ မက်ဆီ အနားယူခဲ့လို့ ကျောနံပါတ်(၁၀)ဝတ်ဆင်မည့် ကစားသမား လစ်လပ်နေခဲ့တာကြောင့် နည်းပြ စကာလိုနီ က လူငယ်ကွင်းလယ်ကစားသမားဖြစ်သူ နီကိုပက်စ် ထံသို့ လွှဲပြောင်း ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် နီကိုပက်စ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှ ကိုမိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ ကိုမိုအသင်းနှင့်အတူ ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ပြီး အီတလီစီးရီးအေ ပြိုင်ပွဲ တစ်နှစ်တာကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။(NVS 008)