“နောက်ဆုံး ၁၀ နှစ်အတွင်း ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံး ၁၀ သင်းတွင် ချဲလ်ဆီးအသင်း ထိပ်ဆုံးမှ ရပ်တည်”

04 Sep

နောက်ဆုံး ၁၀ နှစ်အတွင်း အပြောင်းအရွှေ့ကာလများတွင် ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံး အသုံးပြုခဲ့သည့် ကလပ်အသင်း ၁၀ သင်းစာရင်း၌ ချဲလ်ဆီးအသင်းက ထိပ်ဆုံးမှရပ်တည်နေကြောင်း TNT Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက အသင်းပိုင်ရှင်ဟောင်း အီဗရာမိုဗစ်ချ် လက်ထက်ကတည်းက အသင်းကို ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံပြီး ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ခဲ့သလို လက်ရှိအသင်းပိုင်ရှင် တော့ဒ်ဘိုလီ လက်ထက်တွင်လည်း အပြောင်းအရွှေ့ကာလများတွင် အသုံးစရိတ်များစွာအသုံးပြုပြီး ကစားသမားခေါ်ယူမှုများ လုပ်ဆောင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ နောက်ဆုံး ၁၀ နှစ်အတွင်း ကစားသမားခေါ်ယူမှုများအတွက် အသုံးစရိတ် စတာလင်ပေါင် ၃ ဒသမ ၁၂ ဘီလီယံထိ အသုံးပြုခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးအများဆုံးအသင်း အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနောက်တွင် မန်စီးတီးအသင်းက စတာလင် ပေါင် ၂ ဒသမ ၅၈ ဘီလီယံ၊ မန်ယူအသင်းက ၂ ဒသမ ၀၆ ဘီလီယံ၊ ပီအက်စ်ဂျီအသင်းက နှစ်ဘီလီယံ၊ ဂျူဗင်တပ်အသင်းက ၁ ဒသမ ၉၂ ဘီလီယံ၊ စပါးအသင်းက ၁ ဒသမ ၈၄ ဘီလီယံ၊ အာဆင်နယ်အသင်းက ၁ ဒသမ ၈၁ ဘီလီယံ၊ လီဗာပူးအသင်းက ၁ ဒသမ ၇၃ ဘီလီယံ၊ ဘာစီလိုနာအသင်းက ၁ ဒသမ ၆၁ ဘီလီယံ၊ ရီးရဲလ်မက်ဒရစ်အသင်းက ၁ ဒသမ ၄၃ ဘီလီယံဖြင့် အသီးသီးရပ်တည် ခဲ့ပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .