“မန်ယူအသင်းက လူငယ်တိုက်စစ်မှုး အိုဘီ အား အငှားစေလွှတ်”

04 Sep

မန်ယူအသင်းက အသက် ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမား ချီဒို အိုဘီ ကို အတွေ့အကြုံရစေဖို့အတွက် ၏ နယ်သာလန်ကလပ် Willem II အသင်းကို တစ်ရာသီအငှားနဲ့ စေလွှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒိန်းမတ် ယူ-၂၁ လက်ရွေးစင် အိုဘီ အနေနဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီက နည်းပြ အမိုရင် လက်ထက် မန်ယူအသင်းမှာ ၈ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ အရန်ခုံမှာတစ်ကြိမ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အိုဘီ အနေနဲ့ မန်ယူ ယူ-၂၁ အသင်းမှာသာ ပုံမှန်ကစားခွင့်ရခဲ့ပြီး FA ဖလားလူငယ်ပြိုင်ပွဲမှာ မန်ယူ ယူ-၂၁ အသင်းကို ဗိုလ်လုပွဲရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ယူ ယူ-၂၁ အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .