“စီးရီးအေအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တဲ့ ဖာဘရီဂတ်စ်”

04 Sep

၂၀၂၅-၂၆ ဘောလုံးရာသီအတွက် အီတလီစီးရီးအေရဲ့ အကောင်းဆုံးနည်းပြဆုကို ကိုမိုအသင်းရဲ့ စပိန်လူမျိုး နည်းပြ ဖာဘရီဂတ်စ် က ရရှိသွားခဲ့ပါတယ်။ ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်နည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဖာဘရီဂတ်စ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကိုမိုအသင်းကို စီးရီးအေမှာ အဆင့်(၄)နေရာနဲ့ ရာသီသိမ်းနိုင်အောင် ဦးဆောင်ပေးခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ဝင်ခွင့်ရရှိစေခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် ဖာဘရီဂတ်စ် ဟာ ကစားသမားဘဝတစ်လျှောက် ဥရောပထိပ်တန်း ကလပ်အသင်း တွေဖြစ်တဲ့ အာဆင်နယ်၊ ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ မိုနာကိုအသင်းတို့မှာ ဖြတ်သန်းခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ ကိုမိုအသင်းကနေ ကစားသမားဘဝကို အနားယူခဲ့ပါတယ်။ ထို့နောက် ကိုမိုအသင်းကို ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကိုမိုအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .