“ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ မာတင်နယ်လီ”
04 Sep
အာဆင်နယ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး မာတင်နယ်လီ ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပြင် မာတင်နယ်လီ ရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ ပြောင်းရွှေ့ကြေးရဲ့ ရာခိုင်နှုန်းတချို့ကိုလည်း ရရှိမှာဖြစ်ပါတယ်။ မာတင်နယ်လီ ရဲ့ ပြောင်းရွှေ့ကြေးက အာဆင်နယ်အသင်းရဲ့ ကစားသမားပြောင်းရွှေ့မှုသမိုင်းမှာ အများဆုံး ရရှိတဲ့ ပြောင်းရွှေ့ကြေးလည်းဖြစ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာတင်နယ်လီ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုရခဲ့တဲ့ အာဆင်နယ်အသင်းမှာ ပါဝင်ခဲ့ပေမယ့် နည်းပြ အာတီတာ ရဲ့ အနာဂတ်အစီအစဉ် မှာ ပါဝင်ခြင်းမရှိကြောင်း နည်းပြဖြစ်သူက ပြောကြားခဲ့ပြီးနောက် အခုလိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်အသင်းကို ရောက်လာခဲ့တဲ့ မာတင်နယ်လီ နဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်ကျန်ရှိနေပေမယ့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။(NVS 008)