“ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဩဂုတ်လအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းထုတ်ပြန်”

04 Sep

ပရီးမီးယားလိဂ်ပြိုင်ပွဲ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ကြောင်း Premierleague.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဩဂုတ်လတစ်လတာ အကောင်းဆုံးဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ပြီးခဲ့တဲ့ ပွဲစဉ်(၁)တွင် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် ချဲလ်ဆီးအသင်းမှ ကိုးလ်ပယ်မာ နှင့် ပွဲစဉ်(၂)တွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် မန်ယူအသင်းမှ ဖာနန်ဒက်စ် တို့ပါဝင်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆု ဆန်ခါတင်ကစားသမား စာရင်းတွင် ကိုးလ်ပယ်မာ၊ ဖာနန်ဒက်စ် တို့နှင့်အတူ အာဆင်နယ်အသင်းမှ ကာလာဖီအိုရီ၊ မန်စီးတီးအသင်းမှ ချာကီ၊ ချဲလ်ဆီးအသင်းမှ ဂျာအိုပက်ဒရို၊ ဘရန့်ဖို့ဒ်အသင်းမှ ဆန်ဂါရီ၊ ဟူးလ်စီးတီးအသင်းမှ ဂိုးသမား ဇိုလာကစ်၊ နယူးကာ ဆယ်အသင်းမှ ဝှစ်ဆာ တို့ပါဝင်ခဲ့ပါတယ်။ ထို့အတူ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းတွင်လည်း အာဆင်နယ် အသင်းနည်းပြ အာတီတာ၊ ချဲလ်ဆီးအသင်းနည်းပြ အလွန်ဆို၊ မန်စီးတီးအသင်းနည်းပြ မာရက်စ်ကာ၊ ဟူးလ်စီးတီး အသင်းနည်းပြ ဂျာကီရိုဗစ်ချ် တို့ ပါဝင်လာခဲ့ပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .