“LGPA ကမ္ဘာ့ဂေါက်သီးရိုက်မယ် အဆင့်သတ်မှတ်ချက်တွင် ပါအူလာ ထိပ်ဆုံး၌ရပ်တည်”

04 Sep

LPGA ကမ္ဘာ့ဂေါက်သီးရိုက်မယ် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ စပိန်ဂေါက်သီးရိုက်မယ် ပါအူလာ က အဆင့်(၁)နေရာ၌ ရပ်တည်နေကြောင်း LPGA သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ပါအူလာ က ယခုနှစ်အတွင်း Chevron Championship ဂေါက်သီးရိုက်ပြိုင်ပွဲ၊ U.S. Open ဂေါက်သီးရိုက်ပြိုင်ပွဲ၊ Women British Open ဂေါက်သီးရိုက်ပြိုင်ပွဲတို့တွင် ဝင်ရောက်ကစားခဲ့ရာ ရလဒ် ကောင်းများရယူခဲ့ပြီးနောက် LPGA ကမ္ဘာ့ဂေါက်သီးရိုက်မယ် အဆင့်သတ်မှတ်ချက်တွင် အဆင့်(၁)နေရာ၌ ရပ်တည် ခဲ့ခြင်းဖြစ်ပါတယ်။ ပါအူလာ အနေနဲ့ Stanford University ကိုယ်စားပြုကစားသမားအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက် ကစားနေသူဖြစ်ပြီး ယခုနှစ်အတွင်းကစားခဲ့သည့် ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ရယူနိုင်ခဲ့ပါတယ်။ LPGA ကမ္ဘာ့ဂေါက်သီးရိုက်မယ် အဆင့်သတ်မှတ်ချက်၌ ပါအူလာ ရဲ့နောက်တွင် အမေရိကန်ဂေါက်သီးရိုက် မယ် အိုကီဖီ က အဆင့်(၂)၊ ကိုလံဘီယာဂေါက်သီးရိုက် မယ်မာရင် က အဆင့်(၃)၊ အင်္ဂလန်ဂေါက်သီးရိုက်မယ် ရာဟို ဒက် က အဆင့်(၄)၊ ကနေဒါဂေါက်သီးရိုက်မယ် လူရန်ကင် က အဆင့်(၅)၊ အမေရိကန်ဂေါက်သီးရိုက်မယ်များ ဖြစ်သည့် အင်နာဒေးဗစ် က အဆင့်(၆)၊ အဲဗရီဝိဒ် က အဆင့်(၇)၊ ဘိုင်လီရှိုးမိတ်ကာ က အဆင့်(၈)၊ မာရီယာ က အဆင့်(၉)၊ အက်ရှ်လေယန် က အဆင့်(၁၀) နေရာတို့တွင် အသီးသီးရပ်တည်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .