“တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ရစ်ချက်လီဆန်”

04 Sep

စပါးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန် ဟာ တူရကီလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းပြီးနောက် အသစ်တင်သွင်းရတဲ့ ကစားသမား ၂၅ ဦးစာရင်းမှာ စပါးအသင်းက ရစ်ချာလီဆန် ကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ရစ်ချာလီဆန် က ပရီးမီးယားလိဂ် အပြောင်းအရွှေ့ စျေးကွက်မပိတ်ခင် အသင်းဟောင်းအဲဗာတန်အသင်းထံ ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့ဘဲ စပါးအသင်းမှာ ဆက်ရှိနေခဲ့ပါတယ်။ တူရကီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်က စက်တင်ဘာလ ၄ ရက် ပိတ်သိမ်းမှာဖြစ်ပြီး ဆော်ဒီလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက်ကလည်း စက်တင်ဘာလ ၆ ရက်မှသာ ပိတ်သိမ်းမှာဖြစ်လို့ ရစ်ချာလီဆန် အနေနဲ့ အသင်းပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ သတင်းတွေအရ တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန် ကို စျေးကွက်မပိတ်ခင် ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရပါတယ်။ ထရက်ဇွန်စပေါ်အသင်းက ရစ်ချာလီဆန် ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး စပါးအသင်းမှာရရှိနေတဲ့ လစာရဲ့ ၃ဆအထိ ပေးအပ်သွားမှာဖြစ်ကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .